Golden Tri-Light Myanmar Co., Ltd. သို့ ကွင်းဆင်းစစ်ဆေးခြင်း

Golden Tri-Light Myanmar Co., Ltd. သို့ ကွင်းဆင်းစစ်ဆေးခြင်း

Posted on 12 April 2018

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် CMP စနစ်ဖြင့် အိတ်အမျိုးမျိုး ချုပ်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်လျှက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ငွေပင်လယ်စက်မှု ဇုန်၊ မြေတိုင်းရပ်ကွက်အမှတ်-၂၄၊ မြေကွက်အမှတ် - ၄ ရှိ Golden Tri - Light Myanmar Co., Ltd. သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ် များပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ကုမ္ပဏီ၏ သုံးလပတ် အစီရင်ခံစာ၊ စက်ပစ္စည်း တပ်ဆင်ထားမှု အခြေအနေ၊ အလုပ်သမားခန့်ထားမှု၊ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ်၊ ပုဂ္ဂလိက စက်မှုမှတ်ပုံတင်အခြေအနေ၊ ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်မှု အခြေအနေ စသည်များကို ၂၀၁၈ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် သွားရောက် စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါသည်။