ပင်လယ်ကြောင်း အကောက်ခွန်အက်ဥပဒေ လုပ်ထုံးလုပ်နည်း အမိန့်ကြော်ငြာစာ အားရှင်းလင်း ဆွေးနွေးပွဲကျင်းပခြင်း

ပင်လယ်ကြောင်း အကောက်ခွန်အက်ဥပဒေ လုပ်ထုံးလုပ်နည်း အမိန့်ကြော်ငြာစာ အားရှင်းလင်း ဆွေးနွေးပွဲကျင်းပခြင်း

Posted on 25 April 2018

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနမှ ပင်လယ်ကြောင်း အကောက်ခွန် အက်ဥပဒေ ပုဒ်မ ၂၀၄ ပုဒ်မခွဲ (ခ) အရ ၃၀-၃-၂၀၁၈ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် ၂၁/၂၀၁၈ နှင့်စပ်လျဉ်း၍ ရင်းနှီး မြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရုံးမှ  ဝန်ထမ်းများသိရှိနားလည်စေရန် အတွက် အကောက်ခွန် ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်ဦးမှ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင် ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန စုပေါင်းသင်တန်းခန်းမတွင် လာရောက်ရှင်းလင်းဆွေးနွေး ပို့ချ ခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် အပါအဝင် ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာဌာနခွဲ အသီးသီးမှ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း ၅၀ ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် တက်ရောက် လာသူများမှ  သိရှိလိုသည့်အချက်များ​အား အပြန်အလှန် ဆွေးနွေးမေးမြန်းခဲ့ပြီး အခမ်းအနား ကို နေ့လည် ၁၁:၃၀ နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။