MKor Green Co., Ltd. သို့ ကွင်းဆင်းစစ်ဆေးခြင်း

MKor Green Co., Ltd. သို့ ကွင်းဆင်းစစ်ဆေးခြင်း

Posted on 04 May 2018

ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးအောင်နှင့် အဖွဲ့သည်  ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် Contract Farming စနစ်ဖြင့် ငှက်ပျောစိုက်ပျိုး ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းဆောင်ရွက် လျက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ကျုံတုံးကလေးကျေးရွာ အုပ်စု၊ ကွင်းအမှတ်-၅၁၈၊ ဦးပိုင်အမှတ်-၅၈/၄ + ၆၃/၂ ရှိ MKor Green Co., Ltd. သို့ ၂၀၁၈ ခုနှစ် မေလ ၄ ရက်နေ့တွင် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား သွားရောက်စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။