China Export & Credit Insurance Corporation မှ Deputy General Manager ဖြစ်သူ Mr. Chen Huaqing ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးအောင်နိုင်ဦး နှင့် ရန်ကုန်မြို့ရှိ Novotel Yangon Max Hotel, Ayarwaddy Hall ၌ ၂၀၁၈ ခုနှစ် မေလ ၁၁ ရက်နေ့တွင် တွေ့ဆုံပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။


