မြန်မာကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံသို့ သွားရောက်ခြင်း

မြန်မာကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံသို့ သွားရောက်ခြင်း

Posted on 16 May 2018

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ဦးဆောင်၍  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦး ပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၈ ခုနှစ် မေလ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ စီ-ပီ ဂရု(ပ်) မှ လုပ်ငန်းများအား သွားရောက် လေ့လာလျက်ရှိရာ ၂၀၁၈ ခုနှစ် မေလ ၁၅ ရက်နေ့တွင် Nakornluang Luang Ayutthaya Province ရှိ Rice Mill of Khao CP နှင့် Siam Makro Public Company Limited တို့သို့ သွားရောက် လေ့လာခဲ့ပါသည်။