မြန်မာကုမ္ပဏီ (၂၀၁၇) ဥပဒေရှင်းလင်း ဆွေးနွေးခြင်း အစီအစဉ်ကျင်းပခြင်း

မြန်မာကုမ္ပဏီ (၂၀၁၇) ဥပဒေရှင်းလင်း ဆွေးနွေးခြင်း အစီအစဉ်ကျင်းပခြင်း

Posted on 17 May 2018

မြန်မာကုမ္ပဏီများ ဥပဒေ (၂၀၁၇) နှင့်စပ်လျဉ်း၍ ဥပဒေ ကျွမ်းကျင်သည့် အဖွဲ့အစည်း များနှင့် ရင်းနှီးမြှုပ်နှံမှု နှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ  ကုမ္ပဏီ မှတ်ပုံတင်ပေးမည့် တာဝန်ရှိသူများ အကြား အတွေ့အကြုံဖလှယ်ဆွေးနွေးခြင်း အစီအစဉ်အား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြား မှုဦးစီးဌာန၊ အမှတ် (၁)၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့၌ (၁၇-၅-၂၀၁၈) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ တာဝန်ရှိသူများ၊ တိုင်းနှင့် ပြည်နယ်ရုံးခွဲ များမှ တာဝန်ရှိသူများနှင့် Australian Chamber of Commerce Myanmar မှ ဥပဒေရေးရာ အကြံပေးများ အပါအဝင် စုစုပေါင်း ၅၀ ဦးခန့် တက်ရောက်ခဲ့ပါသည်။