DICA Leadership Training ကျင်းပခြင်း

DICA Leadership Training ကျင်းပခြင်း

Posted on 22 May 2018

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရှိ ဝန်ထမ်းများ၏ ခေါင်းဆောင်မှု စွမ်း ရည်တိုးတက်ပြီး လုပ်ငန်းခွင်အတွင်း ထိရောက်ထက်မြက်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ DICA Leadership Training ကို Global Growth International Incorporation ၏ အကူ အညီဖြင့် ၂၀၁၈ ခုနှစ်၊ မေလ ၂၂ ရက်နေ့တွင် DICA ရုံးချုပ် ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် နှင့် Mr. Wouter Van Wersch, President and CEO of GE Asia Pacific တို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း(၅၅) ဦး တက်ရောက်ခဲ့ပါသည်။