International Finance Corporation မှ Senior Corporate Governance Officer ဖြစ်သူ Ms. Leyal Savas နှင့် MCGI Coordinator ဖြစ်သူ Ms. Htoi Seng Ra တို့သည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးအား ၂၀၁၈ ခုနှစ် မေလ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့၌ လာရောက်တွေ့ဆုံခဲ့ပြီး Myanmar Institute of Directors ဆိုင်ရာကိစ္စရပ် များကို ဆွေးနွေးခဲ့ပါသည်။


