စစ်ကိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၁၈) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

စစ်ကိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၁၈) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

Posted on 21 June 2018

စစ်ကိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၁၈) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် မုံရွာမြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ သဘာပတိအဖြစ် ဆောင်ရွက်ပြီး ကော်မတီသို့ တင်ပြလာသည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၃) ခုအား အတည်ပြုမိန့် ထုတ်ပေး နိုင်ရေး ဆွေးနွေးခဲ့ကြပါသည်။