မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ထိုင်းနိုင်ငံ Institute of Business Economics Research and Development မှ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ထိုင်းနိုင်ငံ Institute of Business Economics Research and Development မှ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

Posted on 17 July 2018

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်းနှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တို့သည် ထိုင်းနိုင်ငံ Institute of Business Economics Research and Development (IBERD) Foundation မှ ဥက္ကဋ္ဌဖြစ်သူ Mr. Sathit Linpongpan နှင့်အဖွဲ့အား နေပြည်တော်၌ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့ တွင် လက်ခံတွေ့ဆုံခဲ့ပြီး  ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်ရန် ရည်ရွယ်ထားသည့် Pilot Project  ကို ဆွေးနွေးခဲ့ပါသည်။ ယင်း Project များမှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy) ထုတ်လုပ်ခြင်း၊ ငါးမွေးမြူရေး ပင်လယ်စာနှင့် အအေးခန်းလုပ်ငန်း၊ စဉ်ဆက်မပြတ် ပတ်ဝန်းကျင် ထိန်းသိမ်းမှုနှင့် စီမံခန့်ခွဲမှု လုပ်ငန်း၊ E-wallet ကို အသုံးပြု၍ ငွေလွှဲပြောင်းသည့် ဝန်ဆောင်မှု ကဏ္ဍများနှင့် နှစ်နိုင်ငံနယ်စပ် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး စသည့်စီမံကိန်းများတွင် လူစွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။