Cost of Doing Business in Myanmar Survey Report(2018) မိတ်ဆက်ပွဲအခမ်းအနားကျင်းပခြင်း

Cost of Doing Business in Myanmar Survey Report(2018) မိတ်ဆက်ပွဲအခမ်းအနားကျင်းပခြင်း

Posted on 26 July 2018

ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံသူများအား ပိုမိုဖိတ်ခေါ်နိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစဉ်များ နှင့် ပတ်သက်သည့် ကုန်ကျစရိတ်များ ခန့်မှန်းတွက်ချက်နိုင်ရေးကို အထောက်အကူပြုရန် ရည်ရွယ်၍  ၂၀၁၈ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ မနက် ၁၀: ၀၀ နာရီအချိန်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှု ဦးစီးဌာန၊ ရန်ကုန်(ရုံးချုပ်) ဒုတိယအထပ် အစည်းအဝေးခမ်းမ၌  Cost of Doing Business in Myanmar Survey Report (2018) မိတ်ဆက်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါ အခမ်းအနားသို့ ဖိတ်ကြားထားသော အစိုးရဌာနများမှ အဆင့်မြင့် အရာထမ်းများ၊ ပြည်ပနိုင်ငံများ၏ ကုန်သည်အသင်း အဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ပြည်တွင်းပြည်ပ သတင်းနှင့် မီဒီယာများ စုစုပေါင်း (၅၀) ဦးခန့်တက်ရောက်ခဲ့ပါသည်။

            အဆိုပါမိတ်ဆက်အခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ကိုယ်စား Mr.Naoaki Inayoshi တို့က အဖွင့်မှာစကား အသီးသီး ပြောကြားခဲ့ပါသည်။ ထို့နောက် Survey ကောက်ယူခဲ့ခြင်းနှင့် စပ်လျဉ်းသည့် Methodology နှင့် သတင်းအချက်အလက် များနှင့် ပတ်သက်၍ Myanmar Survey Research Team မှ Director  ဦးရဲညွန့်က ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

            ဆက်လက်၍ အခမ်းအနား တက်ရောက်လာသူများမှ Survey Reportပါ အချက်အလက်များ အနက် အပြုသဘောဆောင်ပြီး သိရှိလိုသည်များ အားမေးမြန်းခဲ့ရာ တာဝန်ရှိသူများမှ ပြန်လည် ဖြေကြား ခဲ့ပြီး စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားအား နံနက် ၁၁:၁၀ နာရီအချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ ကြောင်းသိရှိရပါသည်။