ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲ (၁၁/၂၀၁၈) ကျင်းပပြုလုပ်ခြင်း

ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲ (၁၁/၂၀၁၈) ကျင်းပပြုလုပ်ခြင်း

Posted on 23 August 2018

        ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ (၁၁/၂၀၁၈)ကြိမ်မြောက် ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲကို ၂၀၁၈ ခုနှစ် သြဂုတ်လ ၂၁  ရက်နေ့တွင် ရန်ကုန်ရုံးချုပ်၌ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ရာ ဌာနခွဲများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။အဆိုပါ အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်မှ အလယ်အလတ်အဆင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်း၊ ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာသင်တန်း အမှတ်စဉ် (၁) တွင် စာပေထူးချွန်ဆုနှင့် စာပေဂုဏ်ထူးဆောင်ဆုရရှိခဲ့သည့် ဒုတိယညွှန်ကြားရေး မှူး ဒေါ်ငြိမ်းငြိမ်းအိအား ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပါသည်။