ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ (၄/၂၀၁၈) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ (၄/၂၀၁၈) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

Posted on 12 September 2018

ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ (KCSIC) ၏ ၄/၂၀၁၈ ကြိမ်မြောက် အစည်း အဝေးကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးမှ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေအရ လျှောက်ထားလာသည့် အတည်ပြုမိန့် (၁) ခု ထုတ်ပေးရန် ဆုံးဖြတ်ခဲ့ကြပြီး ကွင်းဆင်းစစ်ဆေးခဲ့မှု အခြေအနေများကိုဆွေးနွေးခဲ့ကြပါသည်။