International Finance Corporation (World Bank Group) နှင့်တွေ့ဆုံဆွေးနွေးခြင်း

International Finance Corporation (World Bank Group) နှင့်တွေ့ဆုံဆွေးနွေးခြင်း

Posted on 05 October 2018

International Finance Corporation (World Bank Group) မှ consultant ဖြစ်သူ Mr. Tomy Dickinson ဦးဆောင်သည့်အဖွဲ့သည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့်  ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့၌ ရင်းနှီးမြှုပ်နှံမှု နှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်မြို့တွင်တွေ့ဆုံခဲ့ကြပါသည်။ ကမ္ဘာ့ဘဏ်မှ နှစ်စဉ် ထုတ် ပြန်လျက်ရှိသော စီးပွားရေးလုပ်ငန်း များလွယ်ကူချောမွေ့စေခြင်း အစီရင်ခံစာ (EODB) တွင် မြန်မာနိုင်ငံမှ Ranking မြင့်တက်စေရေးအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီး ဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော  Starting Business Indicator နဲ့ ပတ်သက်၍ ဌာနမှလွယ်ကူ ချောမွေ့ရေးဆောင်ရွက်ပေးနေမှုအခြေအနေများအား ဆွေးနွေးခဲ့ကြပါသည်။