United Nations DESA မှကိုယ်စားလှယ်နှင့်တွေ့ဆုံဆွေးနွေးခြင်း

United Nations DESA မှကိုယ်စားလှယ်နှင့်တွေ့ဆုံဆွေးနွေးခြင်း

Posted on 15 October 2018

United Nations Department of Economic and Social Affairs (DESA)မှ Project Manager ဖြစ်သူ Dr. Namsuk Kim သည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့ တွင် လာရောက်တွေ့ဆုံ၍  ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များသို့ ရောက်ရှိစေရန် Belt and Road ပူးပေါင်းဆောင်ရွက်ရေးအတွက် အမျိုးသားအဆင့် မူဝါဒ စွမ်းဆောင်ရည်များ ခိုင်မာ အားကောင်းစေရေး စီမံကိန်းနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။