ရင်းနှီးမြှုပ်နှံမှုဌာနဆိုင်ရာပူးပေါင်းအဖွဲ့ (OSS ) ၏ Standard Operating Procedures အား လိုက်နာကျင့်သုံးဆောင်ရွက်ရေးအတွက် ညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

ရင်းနှီးမြှုပ်နှံမှုဌာနဆိုင်ရာပူးပေါင်းအဖွဲ့ (OSS ) ၏ Standard Operating Procedures အား လိုက်နာကျင့်သုံးဆောင်ရွက်ရေးအတွက် ညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

Posted on 31 October 2018

ဂျပန်အပြည်အပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီနှင့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီ များ ညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းရေးဆွဲထားသော  ရင်းနှီးမြှုပ်နှံမှုဌာနဆိုင်ရာပူးပေါင်းအဖွဲ့ (OSS ) ၏ Standard Operating Procedures အား (SOP) အပြီးသတ်မူကြမ်း (အပိုင်း- ၁) အား အတည်ပြု၍ ဆက်လက်ဆောင်ရွက်မည့် ညှိနှိုင်းအစည်းအဝေးကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့တွင် မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံး၊  ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

                    အဆိုပါဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး  ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီမှ Expert ဖြစ်သူ Mr. Akihiko Morinaga တို့က SOP အပေါ် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသော သက်ဆိုင်ရာဌာနကိုယ်စားလှယ်များက အသီးသီး ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါဆွေးနွေးပွဲသို့ သက်ဆိုင်ရာဌာနများမှ အရာထမ်းများအပါအဝင် စုစုပေါင်း(၁၅) ဦး တက်ရောက်ခဲ့ကြပါသည်။