The World Bank Group နှင့် တွေ့ဆုံဆွေးနွေးခြင်း

The World Bank Group နှင့် တွေ့ဆုံဆွေးနွေးခြင်း

Posted on 06 November 2018

The World Bank Group မှ Senior Economist ဖြစ်သူ Mr. Sjamsu Rahardja ဦးဆောင်သောအဖွဲ့သည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့်ဦးဆောင်သောအဖွဲ့နှင့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့တွင် လာရောက်တွေ့ဆုံပါသည်။ အဆိုပါတွေ့ဆုံမှုတွင် မြန်မာနိုင်ငံ၏ ပုဂ္ဂလိကကဏ္ဍ တိုးတက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကောင်းများ ပိုမိုဖြစ်ပေါ်လာရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။