Myanmar C.P Livestock Company Limited သို့ ကွင်းဆင်းဝန်ဆောင်မှုပေးခြင်း

Myanmar C.P Livestock Company Limited သို့ ကွင်းဆင်းဝန်ဆောင်မှုပေးခြင်း

Posted on 06 November 2018

နေပြည်တော်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုမိန့်ဖြင့် ဥစားကြက်မွေးမြူခြင်းနှင့်ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် တပ်ကုန်းမြို့နယ်၊ ဥတ္တရခရိုင်၊ နေပြည်တော်ရှိ    Myanmar C.P Livestock Company Limited ၏ စီမံကိန်းလုပ်ငန်းသို့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့ တွင် သွားရောက်၍ လုပ်ငန်းတိုးတက်မှုအခြေအနေများနှင့် ဌာနများ အကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန်အတွက် မြေပြင်ကွင်းဆင်းဝန်ဆောင်မှုများ ဆောင်ရွက်ခဲ့ပါ သည်။