မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေများ၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကျင်းပခြင်း

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေများ၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကျင်းပခြင်း

Posted on 18 November 2018

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဦးဆောင်၍ Deutsche Gesellschaft für Internationale Zusammenarbeit GmbH (GIZ) ၏ ပူးပေါင်းမှုဖြင့် “မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေများ၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ရှင်းလင်း ဆွေးနွေးပွဲ အခမ်းအနား”ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ချင်းပြည်နယ်၊ ဟားခါးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချူပ် ဦးသန့်စင်လွင်တို့မှ အဖွင့်အမှာစကား အသီးသီး ပြောကြားခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ချင်းပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာ ကိုယ်စားလှယ်များနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ (၇၀) ဦး တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။