Mahar Hpa An Production Co., Ltd. နှင့် Fulltex Co., Ltd.တို့သို့ ကွင်းဆင်းစစ်ဆေးခြင်း

Mahar Hpa An Production Co., Ltd. နှင့် Fulltex Co., Ltd.တို့သို့ ကွင်းဆင်းစစ်ဆေးခြင်း

Posted on 29 November 2018

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျှက်ရှိသော အမှတ်( ၁/၂/ ၃/၄) ၊ ဘားအံစက်မှုဇုန်(၃)၊ စံဖရီးကျေးရွာအုပ်စု ၊ ဘားအံမြို့နယ် ၊ ကရင်ပြည်နယ်ရှိ MaharHpa An Production Co., Ltd. နှင့် မြေကွက်အမှတ် (၄/၅/၂၇/၄၀)၊ ဦးပိုင်အမှတ်- ပန္နအနောက် (၂) ကွင်း၊ ကွင်းအမှတ် (၁၀၉၈/က) ၊ ဘားအံစက်မှုဇုန် - ၁ (ဇုန်အမှတ်-၁)၊ ကော့်ထော်ကျေးရွာအုပ်စု ၊ ဘားအံ မြို့နယ် ၊ ကရင်ပြည်နယ်ရှိ Fulltex Co., Ltd. သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။