Hong Kong Chinese Importers’ & Exporters’ Association မှ ဒုတိယဥက္ကဋ္ဌဖြစ်သူ Mr. Michael Hui Wah Kit ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် နှင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ရန်ကုန်မြို့၌ လာရောက်တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဝန်းကျင် နှင့် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန့် လျှောက်ထားခြင်းအတွက် လုပ်ငန်းများအား ဆွေးနွေးခဲ့ပါသည်။



