မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းအား ကော်မရှင် ဥက္ကဋ္ဌမှ လက်ခံတွေ့ဆုံခြင်း

မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းအား ကော်မရှင် ဥက္ကဋ္ဌမှ လက်ခံတွေ့ဆုံခြင်း

Posted on 10 December 2018

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌ ဖြစ်သူ ဦးထွန်းထွန်းနိုင်နှင့်အဖွဲ့အား ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် လက်ခံတွေ့ဆုံခဲ့ပြီး Myanmar Entrepreneurships Summit 2018 စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေး လမ်းညွှန်မှုခံယူခဲ့ကြပါသည်။