Inclusive Business / Impact Investing Steering Group ဖွဲ့စည်းနိုင်ရန် ပထမအကြိမ်အစည်းအဝေးကျင်းပခြင်း

Inclusive Business / Impact Investing Steering Group ဖွဲ့စည်းနိုင်ရန် ပထမအကြိမ်အစည်းအဝေးကျင်းပခြင်း

Posted on 13 December 2018

The DaNa Facility – Empowering Enterprise ၏ ပံ့ပိုးကူညီမှုဖြင့် Inclusive Business/ Impact Investing Steering Group ဖွဲ့စည်းနိုင်ရန် ပထမအကြိမ်အစည်းအဝေး ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်)၌ ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် The DaNa Facility မှ အကြီးတန်းအကြံပေးအရာရှိ ဖြစ်သူ Mr. Peter Brimble၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး၊ စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်​ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းနှင့် မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌှ ဦးထွန်းထွန်းနိုင်တို့က အသီးသီး အဖွင့်မှာ စကား ပြောကြားခဲ့ပါသည်။

ထို့နောက် “Result of the study on Inclusive Business in Myanmar: An Agenda to Catalyse Social Imapact” ခေါင်းစဉ်ဖြင့် the DaNa Facility မှ Inclusive and Responsible Business ၏ ခေါင်းဆောင်ဖြစ်သူ ဦးအောင်ကျော်ဖြိုးမှ လည်းကောင်း၊ “The Strategic Framework for Inclusive Business and Impact Investing; Policy Recommendation” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ လူငယ် စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ ဦးအောင်သူရ မှလည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး၊ ဌာနဆိုင်ရာနှင့် အဖွဲ့အစည်းအသီးသီးမှ ဖိတ်ကြားထားသော ကိုယ်စားလှယ်များ၊ the DaNa Facility မှ တာဝန်ရှိသူများ စုစုပေါင်း(၃၀)ဦး ခန့်တက်ရောက်ခဲ့ပါသည်။