ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းသည် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီရုံးသို့ လာရောက်ပြီး ကော်မတီရုံး၏ လုပ်ငန်း ဆောင်ရွက် ပေးနေမှုများအား ကြည့်ရှုစစ်ဆ

Posted on 20 December 2018

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းသည် ရန်ကုန်တိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီရုံးသို့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် လာရောက်၍ ကော်မတီရုံးမှ ဝန်ထမ်းများနှင့်  ဌာနဆိုင်ရာ ပူးပေါင်းလုပ်ငန်းအဖွဲ့ (One Stop Service ) အဖွဲ့မှ တာဝန်ခံများနှင့် တွေ့ဆုံခဲ့ပါသည်။

            ဌာနဆိုင်ရာ ပူးပေါင်းလုပ်ငန်းအဖွဲ့၊ သက်ဆိုင်ရာ တာဝန်ခံများမှ ဌာနတစ်ခုချင်း အလိုက် လုပ်ငန်းဆိုင်ရာ ဆောင်ရွက်ပေးမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြခဲ့ပြီး ဝန်ကြီးချုပ် မှ တိုင်းဒေသကြီးအတွင်း ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား ဆွေးနွေးမှာကြား၍ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် လမ်းညွှန်မှုပေးခဲ့ပါသည်။

            ထို့နောက် ဝန်ကြီးချုပ်သည် ကော်မတီရုံးနှင့် ဌာနဆိုင်ရာ ပူးပေါင်းလုပ်ငန်းအဖွဲ့၏ လုပ်ငန်း ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုခဲ့ပြီး လုပ်ငန်းလာရောက် ဆောင်ရွက် လျက် ရှိသော လုပ်ငန်းရှင်များနှင့်လည်း တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။