မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏(၈/၂၀၁၈) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ ၁၉ရက်နေ့တွင် မကွေးမြို့၌ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ မကွေးတိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ကော်မတီသို့တင်ပြလာသည့် မြန်မာနိုင်ငံသား ရင်းနှီး မြှုပ်နှံမှုလုပ်ငန်း(၂)ခုအား အတည်ပြုမိန့် ထုတ်ပေးခဲ့ပါသည်။


