တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၁၉) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၁၉) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

Posted on 12 January 2019

တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၁၉) ကြိမ်မြောက် အစည်း အဝေးကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၉ရက်နေ့တွင် ထားဝယ်မြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး ဝန်ကြီးချူပ် ဒေါက်တာလဲ့လဲ့မော် အပါအဝင် ကော်မတီအဖွဲ့ဝင် ၅ဦး တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံသူများမှတင်ပြလာသည့် အတည်ပြု လျှောက်ထားလွှာများကို ဆွေးနွေးခဲ့ပြီး အတည်ပြုမိန့် ၁ ခုကိုခွင့်ပြုရန် ဆုံးဖြတ်ခဲ့ပါသည်။