Myanmar Magic Link ကုမ္ပဏီ လီမိတက်သို့ ကွင်းဆင်းစစ်ဆေးခြင်း

Myanmar Magic Link ကုမ္ပဏီ လီမိတက်သို့ ကွင်းဆင်းစစ်ဆေးခြင်း

Posted on 14 January 2019

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသော မကွေး တိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်ရှိ Myanmar Magic Link  ကုမ္ပဏီ လီမိတက်သို့  မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင်၊ မကွေးတိုင်း ဒေသကြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းဦး ဆောင်သော ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးပတ်ဝန်းကျင် ထိန်းသိမ်း ရေးဦးစီးဌာန၊ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ၂၀၁၉ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် သွားရောက် စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။