ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မာလာမျိုးညွန့်သည် Japan International Cooperation Agency(JICA) မှ အကြီးတန်း အကြံပေး ဖြစ်သူ Mr. FUNABASHI Gaku ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့်၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် လက်ခံတွေ့ဆုံခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေး ခဲ့ပါသည်။


