Myanmar Business Environment Index(MBEI) ဆိုင်ရာဆွေးနွေးပွဲကျင်းပခြင်း

Myanmar Business Environment Index(MBEI) ဆိုင်ရာဆွေးနွေးပွဲကျင်းပခြင်း

Posted on 21 January 2019

DaNa Facility ၏ စီစဉ်ဆောင်ရွက်မှုဖြင့်  Myanmar Business Environment Index (MBEI) ဆိုင်ရာဆွေးနွေးပွဲတစ်ရပ်ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှု နှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်းများ၊ DaNa Facility၊  DFID နှင့်The Asia Foundation တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် The Asia Foundation မှ အကြီးတန်းစီးပွားရေးပညာရှင် ဦးကျော်သူမှ Myanmar Business Environment Index(MBEI) နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပြီး တက်ရောက် လာသူများမှလည်း ပြန်လည်ဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။

MBEI သည် မြန်မာနိုင်ငံ၏ ဒေသအလိုက် စီးပွာရေးဝန်းကျင် တိုးတက်မှုကို အကဲဖြတ်ရန် အသုံးပြုသည့် ဘက်စုံဆန်းစစ်မှု စနစ်တစ်ခုဖြစ်ပါသည်။ MBEI သည် ဒေသအစိုးရ၏ အုပ်ချုပ်မှု အလေ့အကျင့်ကို အခြေခံ၍ တိုင်းဒေသကြီးနှင့်ပြည်နယ်များအား စနစ်တကျ နှိုင်းယှဉ်နိုင်မည် ဖြစ်ပြီး အစိုးရ၏လုပ်ပိုင်ခွင့်နှင့် ဒေသတွင်းစီးပွားရေးဝန်းကျင်ကို ရင်းနှီးမြှုပ်နှံသူများမှ ကောင်းမွန်စွာ သိရှိ စေနိုင်မည်ဖြစ်ပါသည်။ အစိုးရ၏ တိုင်းဒေသကြီး နှင့်ပြည်နယ်တိုးတက်စေရေး ဆောင်ရွက် ချက်များနှင့် မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ လူမှုရေးအကျိုး ရည်မျှော်စီးပွားရေးလုပ်ငန်းများ၏ ရေရှည်ဖွံဖြိုး တိုးတက်မှု အတွက် အထောက်အကူပြုနိုင်လိမ့်မည်ဖြစ်ပါသည်။