စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် မုံရွာမြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်၊ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ သဘာပတိအဖြစ် ဆောင်ရွက်ပြီး ကော်မတီသို့ တင်ပြလာသည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၂) ခုအား အတည်ပြုမိန့် ထုတ်ပေးခဲ့ပါသည်။


