ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး၊ Economic & Commercial ဆိုင်ရာ First Secretary ဖြစ်သူ Ms. Shweta Singh နှင့်အဖွဲ့အား ရန်ကုန်မြို့၌ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် လက်ခံတွေ့ဆုံခဲ့ပြီး India-Myanmar Investment Development Initiative ပွဲကျင်းပရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။


