ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကျင်းပခဲ့ခြင်း

ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကျင်းပခဲ့ခြင်း

Posted on 07 February 2019

ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် စစ်တွေမြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် ရခိုင် ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌနှင့် ပြည်နယ်ဝန်ကြီးချုပ်ဖြစ်သူ ဦးညီပု အပါအဝင် ကော်မတီ အဖွဲ့ဝင် ၅ ဦး တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံသူမှ တင်ပြလာသည့် အတည်ပြု လျှောက်ထားလွှာကို ဆွေးနွေးခဲ့ပြီး အတည်ပြုမိန့် ၁ ခုကို ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ပါသည်။