Inno International Development Co., Ltd. မှ Legal Department Manager ဖြစ်သူ Mr. Kim Young San ၊ Director ဖြစ်သူ Mr. Kim Young Han နှင့် အထွေထွေမန်နေဂျာဖြစ်သူ ဦးဇော်ထွန်း နှင့်အဖွဲ့သည် ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနသို့ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် လာရောက်၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ အတွင်း ရေးမှူး ဦးအောင်နိုင်ဦးနှင့် တွေ့ဆုံခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။


