ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသထွက်ကုန်ပြပွဲကျင်းပပြုလုပ်နိုင်ရေးနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသထွက်ကုန်ပြပွဲကျင်းပပြုလုပ်နိုင်ရေးနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

Posted on 13 February 2019

ချင်းပြည်နယ်အတွင်းရှိ ပြည်တွင်းလုပ်ငန်းရှင်များနှင့် ပြည်ပစီးပွားရေးလုပ်ငန်းရှင်များအကြား အလား အလာရှိသောရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသထွက်ကုန်ပြပွဲကို ၂၀၁၉ ခုနှစ် မတ်လ ၁၆ ရက်နှင့် ၁၇ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည် ဖြစ်ပါသည်။ အဆိုပါ ပြပွဲနှင့်စပ်လျဉ်းသည့် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့်၊ ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၊ ချင်းပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ DaNa Facility နှင့် VDB Loi Co.,Ltd မှ ကိုယ်စားလှယ်များ စုစုပေါင်း ၁၆ဦး တက်ရောက်ခဲ့ကြပါသည်။