Precision Auto Engineering Co., Ltd.နှင့် Saw Trading Co., Ltd.သို့ ကွင်းဆင်းစစ်ဆေးခြင်း

Precision Auto Engineering Co., Ltd.နှင့် Saw Trading Co., Ltd.သို့ ကွင်းဆင်းစစ်ဆေးခြင်း

Posted on 14 February 2019

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ အတည်ပြု မိန့်ဖြင့် ဆောင်ရွက်လျှက်ရှိသော စက်မှုဇုန် အမှတ်(၄)၊ ဘားအံမြို့နယ်၊ ကရင်ပြည်နယ်ရှိ Precision Auto Engineering Co., Ltd နှင့် စက်မှုဇုန်(၂)၊ ဘားအံမြို့နယ်၊ ကရင်ပြည်နယ်ရှိ Saw Trading Co., Ltd.တို့၏ လုပ်ငန်းဆောင်ရွက်မှုများကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ၁၄ ရက်နေ့တွင် သွားရောက် စစ်ဆေးခဲ့ပြီးလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။