ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာဝဏ္ဏအောင်သည် UNESCO Headquarter Expert Team မှ UNESCO ဒါရိုက်တာ Mr. Borehene Chakroun ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်မြို့တွင် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် လက်ခံတွေ့ဆုံပြီး UNESCO အဖွဲ့အစည်းမှ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍ လေ့လာသုံးသပ်ရန်အတွက် လိုအပ်သည့် အချက်အလက်များနှင့် စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြပါသည်။


