ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးသည် ကမ္ဘာ့ဘဏ်အုပ်စုမှ Lead ICT Strategy /Digital Economy Consultant ဖြစ်သူ Mr. Deepak T. Bhatia နှင့်အဖွဲ့အား ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်) ၌ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် လက်ခံတွေ့ဆုံခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဒစ်ဂျစ်တယ်စီးပွားရေးနှင့် သက်ဆိုင်သော ရင်းနှီးမြှုပ်နှံမှုမူဝါဒများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါ သည်။


