ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးသည် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် ၂၀၁၉ ခုနှစ် မတ်လ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိ သည့် စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာရင်းနှီးမြှုပ်နှံမှုလွယ်ကူချောမွေ့စေရေး ဒေသတွင်း ဆွေးနွေးပွဲနှင့် (၆)ကြိမ်မြောက် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးသို့ တက်ရောက်လျက် ရှိပါသည်။


