မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများ၏ လုပ်ငန်းတိုးတက်မှု အခြေအနေများနှင့် ဌာနများအကြား လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရန်အတွက် နေပြည်တော်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ သည် ၂၀၁၉ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ မယ်ဇလီကုန်းကျေးရွာရှိ Myanmar Agribusiness Public Corporation (MAPCO) Ltd.၏ ပေါင်းဆန်နှင့်ဆန်ဖြူ အဆင့်မြင့် ကြိတ်ခွဲထုတ်လုပ်မှုလုပ်ငန်း၊ စက်မှုလယ်ယာ အငှားလိုက်ဝန်ဆောင်မှုလုပ်ငန်းနှင့် အကျိုးတူကန်ထရိုက် လယ်ယာလုပ်ငန်းနေရာသို့ သွားရောက်၍ မြေပြင်ကွင်းဆင်း ဝန်ဆောင်မှုများ ဆောင်ရွက်ခဲ့ပါသည်။



