Posted on 19 March 2019
၂၀၁၉ ခုနှစ် မတ်လ၁၈ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးဒေါက်တာဝဏ္ဏအောင် သည် ရန်ကုန်မြို့၊ The Central Gallery Showroom ၌ ဟောင်ကောင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။


