ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်တင်အေးဟန် သည် Sein Hinn Co., Ltd မှ အမှုဆောင်ဒါရိုက်တာ ဖြစ်သူ ဦးမျိုးညွန့်ထူးနှင့် Daiwa House Industry Co., Ltd မှ Deputy General Manager ဖြစ်သူ Mr. Sean Tokunaga နှင့် အဖွဲ့အား ၂၀၁၉ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် ရန်ကုန်ရုံးချုပ်၌ တွေ့ဆုံခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းကိစ္စရပ် များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။


