ညွှန်ကြားရေးမှူးချုပ်မှ Shanghai Municipal Foreign Affairs Office ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ညွှန်ကြားရေးမှူးချုပ်မှ Shanghai Municipal Foreign Affairs Office ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

Posted on 28 March 2019

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးသည် Shanghai Municipal Foreign Affairs Office မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဖြစ်သူ Mr. Zhu Weimin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၉ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် လက်ခံတွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုဝန်းကျင်၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နိုင်မှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။