ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး သည် Dishang Group Co., Ltd.မှ ဥက္ကဋ္ဌ ဖြစ်သူ Mr. Zhu Lihua နှင့်WEGO Holding Co., Ltd. မှ ဥက္ကဋ္ဌ ဖြစ်သူ Mr. Chen Xue Li တို့ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၉ခုနှစ် မတ်လ၃၀ ရက်နေ့တွင် ရန်ကုန်မြို့၌ လက်ခံတွေ့ဆုံခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု လုပ်ထုံး လုပ်နည်း ဆိုင်ရာကိစ္စရပ်များ နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။


