ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်တင်အေးဟန်သည် အမေရိကန် နိုင်ငံ၊ နယူးယောက်မြို့၌ ၂၀၁၉ ခုနှစ် မတ်လ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့ အထိ ကျင်းပသည့် အစိုးရအရာရှိ များအကြား ရင်းနှီးမြှုပ်နှံမှု အငြင်းပွားမှုများ ဖြေရှင်းရေးနှင့် ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲနှင့် ၂၀၁၉ ခုနှစ် ဧပြီလ ၁ ရက် နေ့မှ ၅ ရက်နေ့အထိ ကျင်းပလျက်ရှိသည့် ရင်းနှီးမြှုပ်နှံသူနှင့် နိုင်ငံအကြား အငြင်းပွားမှု ဖြေရှင်းခြင်း ဆိုင်ရာလုပ်ငန်း အဖွဲ့ (၃) ၏ (၃၇) ကြိမ်မြောက် ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်လျက်ရှိပါသည်။


