Posted on 10 April 2019
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်တင်အေးဟန် သည် Hong Kong Productivity Council-HKPC မှ အကြီးတန်းအကြံပေးဖြစ်သူ Mr. William Lo ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၉ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် ရန်ကုန်မြို့၌ လက်ခံတွေ့ ဆုံခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု လုပ်ထုံးလုပ်နည်း ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။



