Posted on 19 April 2019
ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် သည် Sein Hinn Co.,Ltd မှ မန်နေဂျင်းဒါရိုက်တာ ဖြစ်သူ ဦးမျိုးဆွေ နှင့် အဖွဲ့အား ၂၀၁၉ ခုနှစ် ဧပြီလ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့၌ လက်ခံတွေ့ဆုံခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။


