CMP လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း

CMP လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း

Posted on 24 April 2019

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် အထည်ချုပ်လုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်၍ ပြည်တွင်းရှိ CMP လုပ်ငန်းများသို့ ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လျှက်ရှိသောကုမ္ပဏီများ၏ ကုန်ကြမ်းတင်သွင်းမှု/ ကုန်ချောရောင်းချမှုကိစ္စနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၊ အကောက်ခွန်ဦးစီးဌာနကုန်သွယ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်းနှင့် အထည်ချုပ်လုပ်ငန်းအသင်းတို့မှ တာဝန်ရှိသူများအား ဖိတ်ကြား၍ ညှိနှိုင်းအစည်းအဝေးတစ်ရပ်အား ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့ နေ့လည် ၁၄:၀၀ နာရီတွင် ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။