မန္တလေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၁၉) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

မန္တလေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၁၉) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

Posted on 26 April 2019

မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၁၉)ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၉ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှိ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင်၊ အဖွဲ့ဝင်များဖြစ်သော မန္တလေးတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးဇာနည်အောင်နှင့် အခြားအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးမှ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု အတည်ပြုလျှောက်ထားလွှာ (၁) ခုနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အတည်ပြုလျှောက်လွှာ (၂) ခုတို့ကို စိစစ်ဆွေးနွေးခွင့်ပြုခဲ့ ပါသည်။