Myanmar New Power Motorcycle Co., Ltd. သို့ ကွင်းဆင်းဝန်ဆောင်မှုပေးခြင်း

Myanmar New Power Motorcycle Co., Ltd. သို့ ကွင်းဆင်းဝန်ဆောင်မှုပေးခြင်း

Posted on 29 April 2019

နေပြည်တော် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင်၏ အတည်ပြုမိန့်ဖြင့် မော်တော်ဆိုင်ကယ် တပ်ဆင်ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် နေပြည်တော်၊ ဒက္ခိဏသီရိအသေးစားနှင့် အလတ်စားစက်မှုဇုန် အတွင်းရှိ Myanmar New Power Motorcycle Co., Ltd. ၏ စီမံကိန်းလုပ်ငန်းသို့  ၂၀၁၉ ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် သွားရောက်၍ လုပ်ငန်းတိုးတက်မှု အခြေအနေများနှင့် ဌာနများအကြား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရန်အတွက် မြေပြင်ကွင်းဆင်း ဝန်ဆောင်မှုများ ဆောင်ရွက် ခဲ့ပါသည်။