MAYLP Agriculture Co., Ltd. သို့ ကွင်းဆင်းဝန်ဆောင်မှုပေးခြင်း

MAYLP Agriculture Co., Ltd. သို့ ကွင်းဆင်းဝန်ဆောင်မှုပေးခြင်း

Posted on 29 April 2019

နေပြည်တော် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ မှုကော်မရှင်၏ အတည်ပြုမိန့်ဖြင့် Contract Farming စနစ်ဖြင့် စပ်မျိုးစပါးများ စိုက်ပျိုးခြင်း၊ မျိုးစေ့ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် နေပြည်တော် ၊ ဒက္ခိဏသီရိအသေးစားနှင့်အလတ်စား စက်မှုဇုန်အတွင်းရှိ  MAYLP Agriculture Co., Ltd. ၏ စီမံကိန်းလုပ်ငန်းသို့ ၂၀၁၉ ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် သွားရောက်၍ လုပ်ငန်းတိုးတက်မှု အခြေအနေများ နှင့် ဌာနများအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးနိုင်ရန်အတွက် မြေပြင် ကွင်းဆင်း ဝန်ဆောင်မှုများ ဆောင်ရွက်ခဲ့ပါ သည်။